-
3.1K Views 0 Comments 0 Likes 0 Reviews
မှေးမှိန်နေသော ချင်းလူမျိုးနွယ်စု အကြောင်းသိကောင်းစရာ စာတမ်းအားဖြင့် ချင်းမျိုးနွယ်စု ( ၅၃ ) မျိုးတွင်ပါဝင်သော ( မြို ) ခမီ မျိုးနွယ်စုအကြောင်း သမိုင်း စာဖတ်သူများအား တင်ပြလိုပါသည် ။ ။ လူ့သမိုင်းသည် ကမ္ဘာပေါ၌ ဘုရားသခင်ဖန်ဆင်းပြီးကတည်းက လူဟူ၍ ပေါထွန်းအစပျို ခဲ့ပြီးလျှင် လူသားများဆိတ်သုဉ်းသွားသည့် အခါတွင် ထိုလူ့သမိုင်းသည် နိဂုံးချုပ်လိမ့်မည်ဟူသည့် အချက်သည်ကား အငြင်းမပွား နိုင်သောအချက်ပင်ဖြစ်သည် ။
ထို့ကြောင့်မြို လူမျိုးများရှိသေးခြင်းသည် မြိုလူမျိုးများဆင်းသက်လာပုံ l မြိုလူမျိုးများ၏ အတိတ်ဆီမှ ဖြတ်သန်းလာခဲ့သော အကြောင်းအရာ အဖြစ်ပျက်ဟူသည့် အကြောင်းတရားများကြောင့် ပင်ဖြစ်သည် ။ မြို တိုင်းရင်းသားမျိုးနွယ်စုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မြန့်မာ့သမိုင်းကြောင်းနှင့်ယှဉ်ပြီး ဆင်းသက်လာခဲ့သောမျိုးနွယ်စုဖြစ်ကြောင်း သမိုင်းအဆိုများသိရသည် ။ မြန်မာတိုင်းရင်းသားအခေါဖြင့် မြို Mro ဟုခေါသော်လည်း မိမိတိုင်းရင်းသားမှာ ယနေ့တိုင် Mru ဟုခေါမြဲ ဖြစ်သည် ။
( ချင်းလူမျိုးနွယ်စုဖြစ်ကြောင်း ဖော်ထုတ်ခြင်း )
မြို တိုင်းရင်းသားတို့သည် ချင်းလူမျိုးနွယ်စု ဝင်ဖြစ်ကြောင်းရှိခြင်း l ဖြစ်ခြင်း အမှန်အကန်အနှစ်သာရ မှ ဖော်ထုတ်တင်ပြပါမည် ဖြစ်သည် ။ ချင်းဘိုးဘွား l မြို လူမျိုးတို့၏ ဘိုးဘွားတို့ အဆိုအရ သော်လည်ကောင်း ချင်းလူမျိုးများဖြစ်ကြောင်း မျိုးနွယ်စုဝင် ဖြစ်ကြောင်း ပြောကြလေ့လျှက်ရှိပါသည် ။ မြို ဘာသာစကားအားဖြစ် ( Ai daSung Mru ) အစိပ္ပါယ်မှာ တောင်ပေါသား ( ချင်း ) ဖြစ်သည် ။ ချင်းမျိုးနွယ်စု သမိုင်းကိုပြန်လည်ကြည့်သောအခါ ချင်းမျိုးနွယ်စု ယေဘုယျအားဖြင့် အုပ်စု ( ၁၃ ) စု ခွဲထားသည်ကို တွေ့မြင်ရပါသည် ။
K,cho
Laimi
Asho
Mizo
Dai
Batu
makaang
Masho
Sho
senthang - mara - zotung - khumi - khami တို့ဖြစ်ကြသည် ။ ထိုသို့ အုပ်စု အနက် အုပ်စု ( Masho ) တွင် မျိုးနွယ်စု ၃ စုတွေ့ရသည် ။ ။ Khumi - khami နှင့် Maru တို့ဖြစ်ကြသည် ။ ။ ဤနေရာတွင် မြို Mro တို့၏ မူလအရေးအသားဖြစ်သော ( Mru ) ကိုတွေ့ရှိရသည် ။ ရခိုင်ပြည်နယ်တွင်နေထိုင်သော ချင်းရွာပေါင်း ( ၁၁၇ ) ရွာ ရှိပြီး လူဦးရေခန့်မှန်းခြေမှာ ၂၀၀၀၀ နှစ်သောင်းကျော်နေထိုင်ကြသည် ။ ဘင်္ဂလားဒေရ့်နိုင်ငံတွင် လူဦးရေ ၁၀၀၀၀၀ တစ်သိန်း နီးပါးရှိသည်ဟု ခန့်မှန်းပြောဆိုကြပါည် ။ ။
မြို စာပေကို North East India General Mission မှ Roman အက္ခာဖြင့် တီထွင်ပေးခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ခရစ်ဝင်ကျမ်းဖြစ်သော ရှင်မကု နှင့် ရှင်ဟောဟန် ကျမ်းတို့ကို အုပ်ရေ ( 500 ) ပုံနှိပ်ထုပ်ဝေခဲ့သည် ။ ၁၉၉၄ ခုနစ်တွင် Christan Fellowship of Bangla - desh မှ မြို ဘာသာစကားအားဖြင့် ခရစ်ယာန် စမ္မသစ်ကျမ်းကိုသော်လည်း စမ္မသီချင်းစာအုပ်သော်လည်းကောင်း ပုံနှိပ်ထုတ်ဝေခဲ့သည် ။ ရထိုင်ပြည်နယ်တွင် ချင်းကျေးရွာပေါင်း ၁၁၇ ရွာအနက် အလယ်တန်းကျောင်းကို ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့ပြီး မူလတန်းကျောင်း ၈ ကျောင်းနှင့် ကျန်ရွာ ၁၀၈ ရွာတို့တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပညာသင်ကြားလျှက်ရှိပါသည် ။
စစ်အစိုးရ၏ အယူခံဝါဒ မျက်မမြင်လွမ်းမိုးမူကြောင့် ခေတ်လူငယ်များသည် မိမိတို့၏ ချင်းလူမျိုး l မိမိ၏ မျိုးနွယ်စုကိုပင် မသိတော့ဘဲ သမိုင်းနိဂုံးချူ ပ်ရပေသည် ။ သို့ဖြစ်၍ ချင်းပြည်နယ်တွင်နေထိုင်သော ချင်းတိုင်းရင်းသားအနေဖြစ်လည်း မိမိ၏ မျိုးနွယ်စုဖြစ်သော ချင်းမျိုးနွယ်ဝင် မြို မျိုးနွယ်စုကို သမိုင်းလမ်းကြောင်းအမှန်ပေါထွက်လာစေရန် ဝိုင်းဝန်းပါဝင် ဖော်ထုတ်နိုင်ရန်တင်ပြရခြင်းဖြစ်ပါသည် ။ ။ မြိုလူမျိုးဟာ စစ်မှန်သော ချင်းလူမျိုးဖြစ်ပါသည် ။ ။ ၂၀၁၃ခုနစ် နိုဝင်ဘာလ ၁၂ ရက်မှ ၁၅ ရက်နေ့ထိ ဟာခါးမြို့တွင် ကျင်းပသော ၆၅ နစ် ချင်းအမျိုးသား ညီလာခံတွင် ချင်းတမျိုးသားတရပ်လုံးဖြင့် မျိုးနွယ်စုကိုယ်စား ပါဝင်တက်ရောက်နိုင်ခဲ့ပြီး ချင်းလူမျိုး ချင်းမျိုးနွယ်စု စစ်စစ်ဖြစ်ကြောင်း ဘုံတဘောတူညီချက် အမှတ်စဉ် ( ၇ ) တွင် လည်း ချင်းလူမျိုးမှန်ကန်ပါကြောင်း မှတ်တမ်းတင် လက်မှတ်ရေးထိုးကြပါသည် ။ ။ မိမိတို့၏ သွေးရင်း သားရင်း ချင်းညီအစ်ကိုများနင့် ပြန်လည်ဆုံတွေ့ ပေါင်းစည်းနိုင်ခြင်းဖြစ်ပါသည် ။ ။
မြို ခမီ တို့၏ ရိုးရာ ယဉ်ကျေးမှု အသုံးအဆောင်ပစွည်း ဆွေမျိုးတော်စပ်ပုံ ချင်းရိုးရာ ပုံပြင် ဝတ္တု တို့သည်လည်း ဆင်တူယိုးမှားရှိသည် ။ မင်းတပ် ဟားခါး မတူပီ ဖလမ်း မီဇိုး ပလက်ဝ တို့နင့် ဘာသာစကား အခေါအဝေါ အသုံးအနှုန်းအချို့ တူရှိမှု ရှိသည် ။
ဥပမာ = မြန်မာ မတူပီ မြို
အဖေ kapa Apa
အမေ kanu A nu
အဘိုး ka pu A pu
အဘွား ka pi A pi
ရေ Tui Tui
မြွေ Rul Rua
အိမ်မက် mang mang
ဦးထုပ် lukhum lukhum
ပျား khoi khuai
စသည့်တို့ တူညီလျှက်ရှိပါသည် ။ ။ ရခိုင်လူမျိုး မဟုတ်ပါ ။ မြို လူမျိုးတို့သည် ချင်းစစ်စစ်ဖြစ်သည် ။
မြန်မာနိုင်ငံ တိုငိးရင်းသားမျိုးနွယ်စု မှတ်တမ်း မှာ မြို ဟူ၍ အမည်နာမသည် ထင်ရှားမှတ်တင် ဖော်ပြထားသော်လည်း ထိုးဖေါက်ချက်များဖြစ်ရပ် မှန်ကို ကိုယ်စားပြုမရှိနိုင်ခြင်းကို တွေ့ရှိရသည် ။ မြို ဟူသောနေရာ၌ အဝခမီ မြို ( ခေါ ) ခမီ တို့ကသာ လုံးလုံးလျားလျား နေရာ ယူပြီး မူရင်း မြို တိုင်းရင်းသားစစ်စစ်ပင် မြို မဟုတ် တောင်မြို ဖြစ်သည်ဟု အဝခမီ မြို ( ခေါ ) ခမီ မျိုးနွဟ်စုတို့က ခေါတွင်းစေပြီး ဒေသဆိုင်ရာ မျိုးနွယ်စုအစား အငြင်းပွား ဖွယ်ဖြစ်လေသည် ။ ယခုအခါတွင် မြို ( ခေါ ) ခမီ ဟူသည့် အဝခမီမျိုးနွယ်စု တစ်ချို့သည် မိမိလူမျိုးစု၏ အမည်မူရင်းကိုစွန့်၍ မြို ဟုခေါဆိုလာကြပေသညိ ။ ။ ခမီ မှ မြို လူမျိုး အဖြသ်ခံယူကာ ရွေးကောက်ပွဲ ကော်မတီတွင် ပါဝင်နိုင်ရန် မြို ( ခေါ ) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ကို ဥက္ကဌ ဦးစံသာအောင် သည် နိုင်ငံရေးအမည်အားဖြင့် ထူထောင်ခဲ့သည် ။ မျက်မမြင် နိုင်ငံရေးအမြင် အတ္တလွန်ကဲ၍ တယူသန်မူကြောင့် တိုင်းရင်းသားမျိုးနွယ်စုကြားတွင် မလိုလားအပ်သော အငြင်းပွားဖွယ်ဖြစ်လာသည် ။ ။ ။
( မြို ခမီ ချင်းမျိုးနွယ်စုများ နေထိုင်ရာဒေသ နှင့် လူဦးရေ )
မြို ခမီလူမျိုးများသည် ရခိုင်ပြည်နယ် မြို့ ဟောင်းနယ်ရှိ အကြီးမတော်မတိုက်နယ် ရမ်ချောင်း l ကျောက်တော်မြို့နယ်ရှိ သနီချောင်း l ပီချောင်း l ယိုးချောင်း l ဘောမိရွာ l ပုဏ္ဏားကျွန်းမြို့နယ်ရှိ စမ်းပတီချောင်း l တောများချောင်း l ရသေ့တောငိမြို့နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဒေသ နှင့် မောင်းတောမြို့နယ် အင်တူလာ l ဘော်တူလာ l တွင်လည်းကောင်း ချင်းပြည်နယ် ပလက်ဝမြို့ နယ်မြေ ရှိ မီးချောင်း l ဆမီးချေင်း l လေမြိုချောင်း ရူးချောင်း ဒေသများ နဲ့ ဘင်္ဂလားဒေရ့်နိုင်ငံ များတွင် များပြားစွာ နေထိုင်လျကိရှိပါတယ် ။ ။ မြို လူမျိုးတို့သည် တချိန်က ရခိုင် ပြည်တွင်း မင်းဧကရာဇ်များအဖြစ်နန်းတော်တက်၍ မြို မင်းဆက်နှစ်ဆက်ကိုပင် ထူထောင်ခဲ့ဖူးသည်ဟု မှတ်တမ်းတင်ထားပါသည် ။ အေဒီ ၃၁၃ မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့်ကြာခဲ့လေသည်ဟု မြန်စွယ်စုံကျမ်းစာပေဗိမာန်၏ ရုပ်ပြဗဟု သုတဘဏ် အတွဲ ၉ စာမျက်နှာ ၄၂၅ - ၄၂၆ တွင်ဖော်ပြထားပါသည် ။
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများအပြင် သက် l ဒိုင်နက် l ခမိ l မြို l မာရာမာကြီး စသော တိုင်းရင်းသားမျိုးနွယ်စုများနေထိုင်လျက် ရှိကြသည် ။ ။ ဤ မျိုးနွယ်စုများအနက် ချင်းလူမျိုး ချက်းမျိုနွယ်စုအဖြစ့် မြို ချင်းတိုင်းရင်းသားများလည်း အပါဝင်ဖြစ်ပါသည် ။ ။
ထိုကဲ့သို့ ပြန့်ကျဲ့နေထိုင်ကြရသောကြောင့် ပတ်ဝန်းကျင်ဒေသ၏ လွမ်းမိုးမှု ဖြင့် ခေတ်လူငယ်များသည် မိမိ၏လူမျိုးနွယ်စု မှေးမှိန်ခြင်းကိုဖော်ထုတ်ရန် မြို လူမျိုးများ မိမိ၏ လူမျိုး မိမိ၏ မျိုးနွယ်ကို မြတ်နိုးပြီး သမိုင်းမှန် l လမ်းကြောင်းမှန်ကို ဖော်ထုတ်ရန်လိုအပ်ပေပြီး ။ ။ ထိုကဲ့သို့ ဖြစ်ရပ်မှန်းကို ပြန်လည် ဖော်ရန် ချင်းအမျိုးသား တရပ်အနေဖြစ်လည်း မိမိ၏ လူမျိုး l သွေးရင်း l သားရင်း မပျောက်ဆုံးလေအောင် ဝိုင်းဝန်းစောင့်ရှောက် သမိုင်းမှန်ဖော်ထုတ်နိုင်ဖို့ရန် မှေးမှိန်နေသော ချင်းလူမျိုးထဲက မြို ခမီ ချင်းကို ဝိုင်းဝန်းကြဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည် ။ ။
Zotung Chin Myanmar about Mara Khami Masho Laimi Asho Mizo Dai Datu Makaang Sho Matu